Print

Traveler's diarrhoea (ခရီးသွားနေသူများတွင် ဖြစ်တတ်သော ဝမ်းပျက် ဝမ်းလျှ...

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

-Traveler's diarrhoea (ခရီးသွားနေသူများတွင် ဖြစ်တတ်သော ဝမ်းပျက် ဝမ်းပျက် ဝမ်းလျှောရောဂါ) သည် မသန့်သော အစားအစာများ စားသုံးမိခြင်း၊ မသန့်သော ရေများ သောက်သုံးမိခြင်း ကြောင့်  အစာအိမ်နှင့် အူလမ်းကြောင်း တွင်ဖြစ်တတ်သော ရောဂါဖြစ်သည် ။ စိုးရိမ်ရသည့် ရောဂါ အခြေအနေ မဟုတ်ပေမယ့် အများအားဖြင့် ဗိုက်နာခြင်းနှင့် ဝမ်းအရည်များသွားခြင်း စသည့် လက္ခဏာများဖြင့်  တွေ့ရတတ်သည် ။ 

လက္ခဏာများ

၁။ တစ်ရက် အတွင်း သုံးကြိမ်နှငိ့ အထက် ဝမ်းအရည်များ သွားခြင်း

၂။ အလျင်စလို ဝမ်းသွားချင်ခြင်း

၃။ ဗိုက်နာခြင်း

၄။ ပျို့ခြင်း အန်ခြင်း 

၅။ ကိုယ်ပူခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ

- ခရီးသွားလေ့ရှိပြီး ထိုဒေသရှိ အစားအစာ များ ၊ ရောဂါ ဖြစ်စေသော ဘက်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးများ ရှိနေသော မသန့်သော အစားစာများ စားသုံးမိခြင်းကြောင့် ဖြစ်လေ့ရှိသည်။ 

- အများစုမှာ enterotoxigenic Escherichia coli (ETEC) bacteria အမည်ရှိ ဘက်တီးရီးယား ပိုးကြောင့် ဖြစ်တတ်သည်။ ထိုပိုးသည် အူလမ်းကြောင်းနံရံများတွင် ကပ်တွယ်နေပြီး အဆိပ်ထုတ်ခြင်းဖြင့် ဗိုက်နာခြင်း ဝမ်းလျှောခြင်းကို ဖြစ်စေသည်။

ဖြစ်နိုင်ချေများသူများ

၁။ အသက်ငယ်ရွယ်သူများ 

၂။ ခုခံအားနည်းသူများ

၃။ ဆီးချိုရှိသူများ ၊ အူရောင်ရောဂါရှိသူများ ၊ အသည်းခြောက် ရောဂါရှိသူများ

၄။ အစာအိမ်ရောဂါ အတွက် ဆေးသောက်နေသူများ

၅။ ခရီးသွားသူများ

နောက်ဆက်တွဲ ပြဿနာများ

ဝမ်းသွားသည့် အကြိမ်အရေအတွက်ပေါ် မူတည်ပြီး ခန္ဓာကိုယ်မှ ရေဓာတ် သက်စောင့်ဓာတ်များ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။ ထိုဓာတ် များ ဆုံးရှုံးမှုများလာလျှင် သွေးပေါင်ချိန် ရုတ်တရက်ထိုးကျခြင်း ခန္ဓာကိုယ် အစိတ်အပိုင်းများ ပျက်စီး ခြင်း၊ သတိလစ်ခြင်း စသည့် စိုးရိမ်ဖွယ်ရာ အခြေအနေများဖြစ်စေတတ်သည်။ 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

-ရောဂါ အခြေအနေ ပိုဆိုးလာသည့် ရောဂါ လက္ခဏာများ ဖြစ်သော ဆက်တိုက် အန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ ကိုယ်ပူချိန် 102 F (39 C) နှင့် အထက် တက်လာခြင်း ၊ ရေဓာတ် နှင့် သက်စောင့်ဓာတ်များ ဆုံးရှုံးမှုကြောင့် အာခေါင်ခြောက်ခြင်း ၊ ရေငတ်ခြင်း ၊ ဆီးနည်းသွားခြင်း၊ ဆီးလုံးဝ မသွားခြင်း၊ အလွန် အမင်း ပင်ပန်းနွမ်းနယ်ခြင်း စသည့် လက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်နှင့် သွားရောက် ပြသပြီး ကုသမှု ခံယူသင့်သည်။

ကုသခြင်း

- ဝမ်းလျှောလျှင် ဓာတ်ဆားရည် သောက်ခြင်းသည် ရေဓာတ်နှင့် သက်စောင့်ဓာတ် ဆုံးရှုံးမှုကို အထောက် အကူပြုသည်။ အခြား ရောဂါ လက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန် နှင့် တိုင်ပင် ကုသသင့်သည်။

ကာကွယ်ခြင်း

သင် ခရီးသွားနေစဉ်

၁။ လမ်းဘေးဆိုင်မှ အစားများ မစားပါနှင့်

၂။ ရေခဲမုန့် အပါအဝင် နို့ နှင့် နို့ထွက်ပစ္စည်းများ ရှောင်ကြဉ်ပါ

၃။ အသားစိမ်း ငါးစိမ်း များ မစားသုံးရ

၄။ ပိုးသန့်ထားသော ရေသန့်မဟုတ်သော ရေများ ရေခဲများ ရှောင်ကြည်ပါ

၅။ ရေသန့် မဟုတ်သော ရေများနှင့် ထိတွေ့ ထားသော အစားအစားများ စားသုံးခြင်းမှ ရှောင်ကြည်ပါ

၆။ သွားတိုက်ရာတွင် ရေသန့်ဘူးမှ ရေဖြင့်သာတိုက်ပါ

အခြားသိသင့်သော အချက်များ 

- အစားမစားခင် လက်သေချာဆေးပါ

- အစားထည့်မည့် ပန်းကန် များအား စင်ကြယ်စွာဆေးကြောပြီး အခြောက်ခံထားပါ

Ref: Mayo clinic

Translated by Dr. Pearl ( 7887 Healthcare Call Center )





Related Articles


Advertisment 18